Tuesday, August 28, 2007

ဂလန့်

ဟာသလေးတစ်ခုပါ။ ထက်တို့ ကျောင်းတုန်းကပေါ့။ ၄တန်းလောက်ကဖြစ်မယ်ထင်တယ်။ မသေချာတော့ဘူး အဲဒါကတော့.. ကျောင်းမှာ ဆရာမကရှေ့ကနေ စာသင်၊ ကျောင်းသားတွေက နောက်ကနေ လုပ်ချင်ရာလုပ်။ သင်နေတဲ့ စာ က သမိုင်းအကြောင်းပေါ့။ ဟားဟား ကိုယ့်ဘာသာ စဉ်းစားပြီး ရီချင်လာပြီ။ ဆရာက လည်းနောက် ကို လှည့်မကြည့် ဖြစ်တဲ့ အချိန်။ တိုက်ဆိုင်သွားတာ၊ ကျောင်းအုပ် ဆရာမကြီး ကလည်း ရောက်လာတဲ့ အချိန်နဲ့ ကွက်တိပဲ။ ကျောင်းသားတစ်ယောက်က အိပ်ငိုက်နေတဲ့ အချိန်နဲ့ ။ အဲဒါနဲ့ ဆရာမ ကြီးက ငိုက် နေတဲ့ ကျောင်းသားကို စာမေးလိုက်တယ်။မေးခွန်းက မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း..... မြန်မာ နိုင်ငံမှာ ဘယ်မင်းလက်ထက် ကစက်ရုံတွေ အများဆုံးတည်ဆောက်ထားသလဲပေါ့ အဲဒီမေးခွန်းကို မေးလိုက်တာပါ။ ကျောင်းသားကလဲ ကြောက်လဲကြောက် ငိုက်လငိုက်၊ ဆိုတော့ သူ့သယ်ချင်း တစ်ယောက်က သူကို လှမ်းပြီးတော့ ပြောတာပေါ့။ တံခါးကြီးကို လှမ်းပြီးတော့ ပြတာ၊ ဟားဟား ဆိုလိုချင်တာ “မင်းတုန်း” ပေါ့။ ဒါပေမဲ့ သူပြောလိုက်တာကတော့ “ဂလန့်”တဲ့။ ကောင်းရော ကောင်းရော .....

No comments:

Discovery