Wednesday, July 4, 2007

ပီကာဆို ဆိုတာ.................




ပတ်ဘလိုရူးအစ်(စ)၀ိုင် ပီကာဆို(၁၈၈၁-၁၉၇၃) သည် စပိန်လူမျိုး ပန်ချီပညာရှင်ကြီးတစ်ဦး ဖြစ်သည်။
၂၀ရာစု ပန်းချီပညာရှင် အားလုံးအနက် လူသိအများဆုံးဟု ဆိုသင့်သည်။ ပီကာဆိုသည် ဟန်အမျိုးမျိုးဖြင့်ပုံများရေးဆွဲတက်သည်။
အခြားပန်းချီပညာရှင် များအပေါ် ကြီးမားစွာ သြဇာလွှမ်းမိုးနိုင်ခဲ့သည်။
ပီကာဆိုသည် အစောဆုံးလက်ရာများကိုအဓိကအားဖြင့် အပြာရောင်ဖြင့်ခြယ်မှုန်းခဲ့ သည်။
နောက်ပိုင်းတွင် ဂဲသြမေတြီ ပုံစံဖြင့် ရုပ်ပုံများရေးဆွဲလာသည်။cubism ခေါ်ပန်ချီ ရေးနည်းဟန် အဖြစ် သိထားကြသည်။
ပီကာဆို၏ အထင်ရှားဆုံး ပန်းချီ ကားများအနက် guernica လည်းပါဝင်သည်။ စပိန် နိုင်ငံ ပြည်တွင်းစစ်ကာလအတွင်း မြို့  တစ်မြို့  ပျက်စီးသွားရပုံကို သရုပ်ဖော်ထာသည်။




No comments:

Discovery