Tuesday, July 17, 2007

စောင်း


ရှေးလူတွေက အမဲလိုက်ဖို့အတွက် လေးကိုင်းကို ကြိုးတပ်ပြီး လေးမြှားကို တီထွင်လာခဲ့ ကြတယ်။ အဒီနောက်ပိုင်း ကာလ ကလေးမှာပဲ စောင်းကိုလည်း တီထွင်လာခဲ့ ကြတယ်။ ရှေးအကျဆုံးဖြစ်တဲ့ အီဂျစ် စောင်း ၁မျိုးမှာဆိုရင် ကြိုး၁ချောင်း ပဲ ရှိတယ်။ စစ်ပွဲတွေမှာရန်သူကို လိုက်တိုက်တဲ့အခါ တီးတက်ကြတယ်။

အာရပ်တွေက စောင်းကို “စက်က”လို့ခေါ်တယ်။
ဂရိတွေက စောင်းကို “စန်ဘိကီ”
လို့ခေါ်တယ်။
လက်တင်လို စောင်းကို “စန်ဘုက”
လို့ခေါ်တယ်။
ပါရှင်းလို စောင်းလို “ခန်း”
လို့ခေါ်တယ်။
အာရပ် (ယခှ) လို စောင်းကို “စဲ(န်)”
လို့ခေါ်တယ်။
မြန်မာ(ယခှ) လို စောင်းကို “စောင်း”
လို့ခေါ်တယ်။


ဗေလုဝ စောင်းဆိုတာ

ဗုဒစာပေမှာ ပြောဆိုနေကြတဲ့ ပဥ္ဒသိင်္ခ နတ်သားရဲ့ ဗေလုဝ စောင်းဆိုတာ ကြိုးခုနစ်ချောင်း တပ်ထားတဲ့ အိန္ဒိယ စောင်း တစ်မျိုးဖြစ်ပါတယ်။ “၀ီဏ” လို့ ခေါ်ပါတယ်။

မြန်မာစောင်း

အင်းဝခေတ်ကတည်းက ကြိုး၁၃ကြိုး တပ်ပြီး တီးခတ်နေကြတယ်။ စောင်းရဲ့ ကြိုး ၁၃ချောင်းဟာ အမှန်ဆို ၁ကြိုးတပ်တိုးလို့ရပါတယ်။ မြန်မာဂီတရဲ့ သံစဉ် ၇မျိုးကို လှည့်ပတ်တီးခတ်နိုင်ဖို့အတွက် ကြိုးဟာ ၁၄ကြိုးရှိရင် ပိုအဆင်ပြေသလို ဖြစ်နေပါလိမ့်မယ်။




No comments:

Discovery