Tuesday, July 31, 2007

ကြယ်ကြွေခိုက်မှာတောင်းတဲ့ဆု


ကြယ်ကြွေတာ ကိုတွေ့ရဖို့ဆိုတာ ဖြစ်တောင့်ဖြစ်ခဲပါပဲ...ကောင်းကင်ယံကို မကြာမကြာ စောင့်ကြည့်နေသူ တွေကလွဲရင်ပေါ့..... ကြုံကြိုက်ခဲပါတယ်...ကောင်းကင်မှာ ရှားရှားပါးပါး ..ထူးထူးခြားခြား ကြယ်ကြွေတာမျိုး၊ ကြယ်တံခွန် လိုမျိုး အရာတွေကို လူတွေက တွေ့မြင်ရတဲ့အခါ ...ဘုရားသခင် (သို့) နတ်ဘုရားတွေရဲ့ အရိပ်လက္ခာဏာ တွေလို့ ယုံ ကြည်ကြပါတယ်။အခုခေတ်မှာတော့ သိပံ ပညာက ကောင်းကင်မှာ ဖြစ်ပွားပေါ်ပေါက်ခဲ့တာနဲ့ပတ်သက်ပြီးလကတွေ့ကျတဲ့ ရှင်းလင်းချက် တွေပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ မှာတော့ ကောင်းကင်ကို မော့ကြည့်ပြီး ဆုတောင်းဖူးတဲ့ အထဲမှာတော့“ထက်” ကိုယ်တိုင်လဲ ပါဝင်ခဲ့ပါတယ်။ စိတ်ထွက်ပေါက်လိုမျိုးဖြစ်ခဲ့တာကိုး။ ဆုတောင်းလိုက်ရင် စိတ်ချမ်းသာ သလိုပါပဲ။ တစ်ဦးတစ်ယောက်ကိုပြောပြလိုက်သလိုပါပဲ။ ဆုတောင်းဆန္ဒ တစ်ခုက တကယ့်အစစ်အမှန် တစ်ခု အဖြစ်သို့ ပြောင်းလဲစေတက်တဲ့ စိတ်ကူးနည်းလမ်း တွေရရှိတက်ပါတယ်။ ဒါပေမဲ့ (ဥက္ကပျံတွေ) ကြယ်ကြွေတာတွေဟာ ဆုတာင်းတာတွေ ကိုမှန်ကန်ပြည့်ဝလာအောင် ကူညီနိုင်တဲ့ အထူးတန်ခိုး သြဇာတွေ သူမှာရှိမနေပါဘူး။

No comments:

Discovery