Thursday, August 2, 2007

ဆင်ဖြူတော်


မြန်မာ့သမိုင်းမှာ ဆိုရင် ဆင်ဖြူတော် တွေကို အဓိက ထားကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရှားပါး တိရစ္ဆာန် ဖြစ်နေလို့ပါပဲ။ရှေးဘုရင်တွေဆိုရင် ဆင်ဖြူတော် (အသေ) ကိုတောင် ယူပြီး ဆင်ဖြူရှင်ဘွဲ့ကို ခံယူခဲ့သူ ရှိနေပါတယ်။ ဆင်ဖြူတော် တွေမှာရှိသင့်သော ကြင်အန်လက္ခဏာတွေကတော့ မျက်လုံးက ပုလဲရောင် ရှိရမယ်။ ခွာကအဖြူရောင်ရှိရမယ်။ ဆင်ရဲ့ကျောကုန်းက ငှက်ပျောကုန်း သဏာန် ရှိရမယ်။အမွေးရောင်က ကျွဲဖြူလို ရှိရမယ်။ စွယ်စုံ ရှိရမယ်။ အမြီးကတော့ တံခါလက်ဝါးပုံစံဖြစ်ရမယ်။ ဆင်ဖြူတော်တွေရဲ့ နားရွက်က သာမန် ဆင်တွေထက် ကြီးရမယ်။ ပြီးတော့ အဓိကအချက်ကတော့ သာမန်ဆင်တွေနဲ့ မတူဘဲ က္ကုနြေ္ဒသိက္ခာရှိပြီး တည်ငြိမ်နေလိမ့်မယ်။ အဲဒါကတော့ ဆင်ဖြူတော် တွေမှာရှိသင့်တဲ့အချက်တွေပေါ့ ။














No comments:

Discovery