Monday, August 6, 2007

သတိမထားလိုက်မိသော အရာ




ကမ္ဘာမှာလေ ဖြစ်ပျက်တာတွေ ကများလွန်းလို့ သတိမထားမိလိုက် တာတွေလဲအများကြီး ရှိနေပါတယ်။ ကမ္ဘာကြီးဟာ အီကွေတာကနေ အံသြဖွယ် ကောင်းလောက်တဲ့ နှုန်းထား (၁နာရီကို ၁၀၃၆မိုင်) နဲ့ လည်ပတ်နေတဲ့ အပြင် နေ ကိုလည်း ပိုပြီး မြန်တဲ့နှုန်း (၁နာရီကို ၆၇၀၀၀မိုင်) နဲ့လည်ပတ်နေတယ်။ ဒီလောက် မြန်တဲ့နှုန်းထား နဲ့ လည်ပတ်နေတာတောင် ကျွန်ပ်တို့ ကသတိ မထားမိကြဘူး။ ကမ္ဘာကြီးဟာ မပြောင်းလဲတဲ့ နှုန်း၊ အမြဲတည်မြဲနေတဲ့ နှုန်းတစ်ခုဖြစ်နေလို့ပါပဲ။ အရှိန်လျှော့ ၊ မြင့်တာတွေ မှ မရှိခဲ့တာကိုး။ ပြောင်းလဲသွား မှသာ သတိထားမိနိုင်တာကိုး။တခါတလေ တကယ်ရော ရွေ့ရော ရွေ့ ရဲ့လားလို့ပေါ့။ ဥပမာ...ကိုယ်က ရွေ့လျာနေတဲ့ ကားထဲမှာဆိုရင် ကားမောင်းသွားစဉ်မှာ လေတိုးသံလေး၊တုန်ခါသံ၊ကိုတော့ ကြားမိ၊ ခံစားမိမှာပါ။ အဲဒါတွေကို မခံစားရဘူးဆိုရင်တော့ ကမ္ဘာကြီးလည်ပတ်နေတာကို သတိထားမိမှာမဟုတ်ဘူး။ ကမ္ဘာကြီးရွေ့လျားနေပေမယ့် ကမ္ဘာပေါ်ကဒြပ်ဝတ္ထုတွေကတော့လွင့်စင်သွားခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးက နေကိုပတ်နေစဉ်ကာလနဲ့ မိမိဝင်ရိုးပေါ်မှာ မိမိလည်ပတ်နေစဉ်ကာလမှာ
ကမ္ဘာ့ဆွဲအားက အရာရာကို ခိုင်ခိုင်မြဲမြဲ ဖြစ်အောင် ထိန်ထားလို့ပေါ့........အံ့သြစရာကောင်းတယ်နော်....
ကမ္ဘာကြီး လည်ပတ်နေတာကိုမပြောနဲ့ကိုး။ သေးသေး မွှားမွှားလေးတောင် သတိထားမိရဲ့လား။မေကြည့်ဦး ကိုယ့်ကို ကိုယ်......





No comments:

Discovery