Wednesday, August 8, 2007

အတွေးသစ်

PS ...........အစ အဆုံး ဖတ်ပါ...pl z



ဟိုရှေးရှေးတုန်းက ........
ရွာတစ်ရွာမှာ အဘိုးကြီးတစ်ယောက် ရှိသတဲ့။သူ့မှာ သူပိုင် မြင်းလေး တစ်ကောင်ရှိသတဲ့..တစ်နေ့တော့သူပိုင်တဲ့ မြင်းကပျောက်သွားတာပေါ့။ အဲဒီတော့ လူတွေအကြောင်း သိတယ်မလား...လာမေးမြန်းကြတာပေါ့... ဘလာ ဘလာ ........ထွေရာ စကားတွေပေါ့။အဲဒီတော့ အဘိုးအို ကတော့ လာပြီးမေမြန်းတဲ့ သူတွေကို ပြန်ပြောလိုက် တယ်ပေါ့.`ကံဆိုးတယ်လို့လဲ ပြောလို့မရဘူးပေါ့´ လို့ ဖြေလိုက်တယ်...နောက် ရက်အနည်းငယ် လောက်ကြာတော့ သူ့ရဲ့ မြင်းက နောက်ထပ် မြင်းတစ်ကောင်ပါ ထပ်ပြီးပါလာခဲ့တာပေါ့...အဒီအခါကျပြန်တော့ သူရဲ့ ဆွေတော် မျိုးတော်တွေက ဘာညာသရကာ ကွာစိ လာပြောကြပြန်ရောပေါ့...အဘိုးကြီးကလည်း သူပုံစံ အတိုင်း `ကံကောင်းတယ်လို့လဲ ပြောလို့မရဘူးပေါ့´ လို့ပြန်ဖြေလိုက်တာပေါ့။အဲဒီလို အဲဒီလို နဲ့ ရက်တွေ ကနေ လတွေပြောင်း ပြောင်း...... အဘိုးကြီးရဲ့ တစ်ဦးတည်းသောသား ကလေး က မြင်းပေါ် ကနေလိမ့်ကျပြီး ခြေတစ်ဖက် ကျိုးသွားပါရော.... အဲဒီအခါ ကျပြန်တော့လဲ... သိတဲ့အတိုင်း လူ့သဘာဝအရ မေးကြမြန်းကြပေါ့.. အဘိုးကြီးကလည်း သူ့စတိုင်(s)အတိုင်း `ကံဆိုးတယ်လို့တော့ ပြောမရပါဘူး´ လို့ပဲပြန်ဖြေတာပေါ့.... အဲဒီတော့ လူတွေလူတွေ ကလည်း ပြောချင်နေတာကြာပေါ့.... ခုတော့ ပြောကောင်းပေါ့....အတင်း တွေ သတင်းတွေ ...... စုံပေါ့.... .ဒီတစ်ချိန်ကျပြန်တော့ အဘိုးကြီးရဲ့သားက ကံကောင်းပုံကတော့ ရှားပါတယ်... လူပျိုအရွယ်ယောက်ျား အားလုံး စစ်ထဲကို ၀င်ရမယ်လို့ အမိန့်ကျလာပြန်ရော..ဒါပေမဲ့ မသန်မစွမ်းဖြစ်တဲ့ သူတွေကိုတော့ ခြွင်းချက်ပေါ့...မလိုက်ရ....အဲဒီတော့ကံကောင်းသွားပြန်ရောပေါ့....ကျန်တဲ့ လူကောင်းတွေကတော့ ပါသွားတာပေါ့...only one ကျန်ခဲ့တာပေါ့....လူကောင်းသူကောင်းတွေကလည်း ကံဆိုးပုံ..... အကုန်ကိုသေကုန်တာ...... အဲဒီတော့ ရွာမှာ လူစွမ်းကောင်းကြီးတစ်ယောက်ဖြစ်တဲ့ ခြေကျိုးလေး တစ်ယောက်ပဲ ကျန်တော့ တာပေါ့....တစ်ရွာလုံးမှာ ယောက်ျားလေးဆို သူပဲကျန်ရှာတော့တာပေါ့.... ကျန်တာအားလုံးက ရှူနှာရှိုက်ကုံး (you know) .....ဒီတော့သူက မင်းသားလေးပေါ့.... စဉ်းစား ကြည့်လိုက်ပါတော့... ဖြစ်ပုံက....ဖြစ်ပုံက... ...အဲဒီတော့ လုကျတော့တာပေါ့... တစ်ကိုယ်တော် လူစွမ်းကောင်းလေးကို... ...လူစွမ်းကောင်းလေးကို ရသွားတဲ့သူကတော့ သူကြီးသမီးကလေး နဲ့ မြေပိုင်ရှင်ကြီးရဲ့ သမီးပေါ့....အင်း ...ကွမ်းတောင်ကိုင်လေး နဲ့ သဌေးသမီး ကလေး ပေါ့....ကံကောင်းပုံကတော့......အဲဒီတော့ ဆွေတော် မျိုးတော်တွေက လာကြပြန်ပြီပေါ့... အဲဒီတော့ အဘိုးအိုကလည်း သူ့ဝသီအတိုင်း .ပေါ့....... ....... နောက်နောက် မကြာမီ...တွေ့လာပြန်ပါရော .... မိန်းကလေးတွေ ဇွတ်ဆိုရင်....သိတယ်ဟုတ်....ရုံးရောက် ဂတ်ရောက် ...ဇာတ်သိမ်းတော့ပါမယ် (ရှည်လိုက်တာ) .... နောက်ဆုံး တော့ ပြသာနာရဲ့ အဓိကခေါင်းဆောင် က ခြေကျိုးလေးပေါ့.....အဲဒါနဲ့ ရွာတည်ငြိမ်အေးချမ်းရေးအတွက် သားအဖ နှစ်ယောက်ကို ရွာပြင်ထုတ် ......ရွာအတွင်းမ၀င်ရ.... ဒန် ဒန် ဒန် ဇာတ်လမ်းကတော့ The End ပါပဲ... . ..

... ... ... `ထက်´ရေးထားတဲ့ ပုံပြင်လေးကို ဖတ်ပြီး အတွေးသစ် လေးတွေး ရလောက်ပါပြီနော်... ... ...



No comments:

Discovery