Wednesday, September 5, 2007

ခေါင်းစဉ်မဲ့

ဒီစာကိုရေးတာက အရမ်းကြီး သိနေတက်နေ လို့ရေးတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ထင်တာတွေနဲ့ တခြားစီကြီး ဖြစ်နေတော့ စိတ်မကောင်းဖြစ်မိလို့ပါ။ အခုခေတ်မှာဖြစ်နေတဲ့ အကြောင်းလေးကို ရေးမလို့ပါ။ “ထက် ”ရဲ့ အမြင်ပေါ့။ တချို့ တချို့တွေပါ... အကုန်လုံးတော့မဟုတ်ပါဘူး။ တော်တော်ကို ခေတ်လွန်အောင်ဝတ်ထားတဲ့ ကောင်မလေး တစ်ယောက်..... ခေတ်ကို လွန်အောင် ၀တ်ထားတော့ “ထက် ”ထင်တာက တချို့အကြောင်း အရာလေးတွေကို သိမယ်ထင်တာ ... အများကြီးသိခိုင်းတာမဟုတ်ဘူး။ နဲ နဲလေးပဲ... ... ...။ဒီဇိုင်းကတော့အပြတ်အသတ်ပဲ...... ခေတ်စကားနဲ့ပြောရင်တော့ လန်ထွက်နေတာပဲ... ...ဟဲဟဲ ...စကားလည်းပြော ကြည့်လိုက်မှပဲ .... အဲဒီမှာ စတွေ့ တာပဲ.... ... ဘာဆိုဘာမှကို မသိတာ ... အတော်လည်း အံ့သြသွားတယ်။ Basic ကလေးတွေကို မသိတာ။ ထက်ထင်တာက ငါ့ကိုများ ရွဲ့ ပြီးများ ပြောနေသလားလို့ပေါ့။ လုံးလုံးကို မသိတာ “ဘာဆိုဘာမှမသိဘူး” ဖုန်းလေးကိုင်ပြီး တော့ ဗျာ...ပြောတော့ဘူး ...သူကိုကြည့်ပြိးတော့ “ထက်” ရင်လေးလာတယ်... အတည်ပါ... ကိုယ်နဲ့ ကလည်း နဲနဲ လေးမှမဆိုင်တော့လည်း .... ခက်....

နောက်တစ်ယောက် ဦးသန့် ကိုသိလားတော့မေးကြည့်တော့MICT ကို ဆောက်တဲ့ လူလားတဲ့..“ထက်”ကို မေးသွားတာ.... ဘာဖြေရမလဲ မသိတော့ပါဘူး

နောက်တစ်ယောက် စကားပြော ရင်းနဲ့ ဘယ်လိုရောက်သွားလဲမသိဘူး “ကမ္ဘာကုလသမဂ္ဂ ” အကြောင်း ကို !! အဲဒါ ဘာလဲတဲ့ !!

သူတို့ကတော့ဘာမှမသိလိုက်ဘူး။ ဟင်း ... စဉ်းစားလေ ... စဉ်းစားလေ...

2 comments:

မျှားပြာ said...

လန်နေတာကို သေချာကြည့်လိုက်စမ်းဘာ...း))
စဉ်းစားရင် ပျဉ်းမနားရောက်သွားမယ်နော်
ဟတ် ဟတ် ဟတ် ။။။။

ငစနေ said...

ဘာရယ် ... MICT ကိုဆောက်တဲ့သူက ဦးသန့်? မြတ်စွာဘုရား ... 2003 ကနေ 2005 အထိ ၃ နှစ်တောင် MICT ထဲမှာ အလုပ်လုပ်လာတာ အဲဒီနာမည် ဘုရားစူး မကြားဖူးပါဘူး။ တော်သေးတာပေါ့ ... အာဇာနည်နေ့ဆိုတာ သိလားလို့ မမေးမိလို့ ... တော်ကြာ Rဇာနည် ရဲ့ မွေးနေ့ လို့ ပြန်ဖြေမှ ခက်နေမယ်။

Discovery