Sunday, September 23, 2007

မည်သည့်အရာမဆို ပြည့်ပြည့် ၀၀ ခံစားနိုင်ရန် အတွက် လေ့ကျင့် သင်ကြားမှု လိုသည်

နှေးနှေးလေး ဖတ်ပါ

“ ၀ီစကီ သောက်စတွင် ပျို့ချင် အန်ချင်သည်။ အဘယ်မျှ ကျန်းမာ ကြံ့ခိုင် ပစေ၊ ဆေးတံ သောက်စတွင် ဗိုက်ထဲတွင် အော်ကလီ ဆန်လာသစမြဲ ဖြစ်သည်။ရှိတ်စပီးယား၏ ဆွန်းနက်များသည် ဖတ်စတွင် အဓိပါယ် မရှိ သလို။ ဘတ်(စ) ၏ တေးသွားများသည်လည်း ကနဦး နားထောင်သူများအတွက် ပျင်းစရာ။ ထိုအတူ သင်္ချာ ညီမျှခြင်း များသည်လည်း မလေ့ကျင့်ဖူးသူတွေအတွက် ဧရာမ ကြောက်စရာ။ သို့သော် အချိန်တန်သောအခါ
လျိုဝှက်နက်နဲ သလောက် လှပဆန်းကြယ်သော ကဗျာတစ်ပုဒ်ကို ဖတ်ရှု ရခြင်းသည် လည်းကောင်း၊ သေချာစွာ ပြောက်မွမ်း ခြယ်သ ထားသောသံစဉ် များကို လည်းကောင်း၊ဂဏန်းသင်္ချာဆိုင်ရာ ပညာသားပါသော ကျိုးကြောင်း စပ်ဆက် စဉ်းစားဆင်ခြင်ပုံ ကို တွေ့မြင် ရလာခြင်း သည်လည်းကောင်း၊ ကျတော်တို့အတွက် အလှ တရားများ၊ လောက အနှစ်သာရများကို ရုတ်တရက် ထိုးထွင်းသိမြင်လိုက်ရသည့် အတွေ့အကြုံ ထူးများ ဖြစ်လာပေသည် ”ဟူ၍ ဟပ်စလေ ရေးခဲ့ သည်။

No comments:

Discovery