Sunday, December 2, 2007

VIP (Very Important Person )

ကျနော်တို့ နိုင်ငံမှာ VIP များရှိပါ၏ ….ကျနော်တို့ နိုင်ငံတွင် VIP များ…. တနေ့တခြား ဆိုပါတော့…… ထိုသို့သောသူများ ယာဉ်များနှင့် သွားလာရာတွင် ကျနော်တို့လို သာမန် ယာဉ်မောင်းသူများက ရပ်တန့်ပေးထားရပါသည်။ ထိုသို့သော အချိန်မျိုးတွင် ယာဉ်ထိန်းရဲများ လည်း သူတို့ ကိုင်ဆောင်ထားသော ဖုန်းကြီးများ နှင့် အလုပ် တအားရှုပ်သော အချိန်များ ဖြစ်ပါသည်။ VIP ဆိုသော လူများ မလာခင် အချိန်လောက် ကတည်းက စပြီး ကျနော်တို့အား ရပ်တန့်ထားခိုင်းပါသည်။ တော်တော်ကြာနှင့်လည်း သူတို့ ကားမည်းကြီးများကလည်း ပေါ်မလာပါ။ နေပူသော နေ့များတွင် တော်တော် ဆိုးပါသည်။ကျနော် ပြောချင်သော အကြောင်းမှာ….
တနေ့ က ထို VIP ပုဂ္ဂိုလ် များ လာသော အချိန်တွင် ဆိုင်ကယ် တစ်စီးက ဖြတ်မောင်းလိုက်မိသွားတယ်။ အဲဒါကို ထို ဆိုင်ကယ်မောင်းသမားကို ယာဉ်ထိန်းရဲများက ဆွဲထိုးကြ တယ်။ကျနော်အထင် ဆိုင်ကယ် မောင်းသမားလည်း တော်တော် အီသွားပုံရတယ်။ ကောင်းကောင်းမွန်မွန်ပြောလည်းရတဲ့ ကိစ္စကိုဗျာ။ ထားပါတော့ ဒီ case ကတော့ …ဆိုင်ကယ်မောင်းသမား မှားတယ်ဆိုပါတော့….VIP သွားနေတဲ့ ဟာကို ....
နောက်တစ်ခုကတော့ VIP များသွားပြီးတဲ့ အချိန် ယာဉ်ထိန်းရဲများက သူတို့ကိစ္စ ပြီးသွားပြီဆိုတော့ သူတို့ဘာသာ စကားပြောနေကြတယ် ဗျာ … ကျနော်တို့လို သာမန် ယာဉ်မောင်းသူများက ရပ်နေရာကနေ သွားပဲ သွားရမလား ရပ်ပဲ ဆက်ရပ်နေရမလား…. အကြာကြီးပဲ ရပ်နေရတာ …ကျနော်တို့….ကြောင်တောင်တောင်နဲ့….. ခဏနေကျမှ သတိရသွားတယ် ထင်ပါရဲ့ …. တ၀ှီဝှီ မှုတ်ဖို့လေ…. ဖြစ်ပုံလေးတွေက အဆန်းတွေ…. ရှိသေးတယ်….. ဆက်မရေးတော့ပါဘူး…. (ကျတော်ရဲ့ အမြင်အတိုင်းရေးခြင်းသာ)

တကွက်အရွေ့မှားခြင်းသည် ကစားပြိုင်ပွဲ ကို ရှုံးစေနိုင်သည်
သူတောင်းစားတစ်ယောက်သည် သူ၏လမ်းစဉ်ကို ဘယ်တော့မှ မသွေဖည်ချေ
လမ်းလွဲ ရောက်နေသောအခါ ပြေးလို့ မည်သို့ အကျိုးရှိမည်နည်း



1 comment:

lwanthukha said...

ကျွန်တော် ဗွီအိုင်ပီဖြစ်တဲ့နေ့ အဲ့ဒီနေ့က သွားစရာတစ်ခုရှိတာနဲ့ ငါ့ အမပြော သလိုမျိုးမဖြစ်ရ လေအောင် လိုင်းကားတိုးစီးလာတာပေါ့ (ကားကရပ်သွားတယ် ...ဗီအိုင်ပီ ခရီးစဉ်တဲ့ ...ကားပေါ်မှာ အကြာကြီးနေလိုက်ရတယ် ...တော်တော်ကြာလို့ ထွက်ကြည့်တော့ယာဉ်ထိန်းရဲ ၂ယောက် ကဆိုင်ကယ် မောင်းလာတဲ့သူကို ကောင်းကောင်းသမနေပြီလေ ဒါနဲ့ကျွန်တော် ရောက်သွားပြီ ကျွန်တော်ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း ပေါ့ ဒါနဲ့ ကျွန်တော့် ကို ဖမ်းလိုက်ကြတယ် ...မီးက နီနေတာ ကို ...လမ်းစည်းကမ်းဖောက်ဖျက်မူ့နဲ့ တဲ့ ကျွန်တော် လည်းယဉ်ထိန်းရဲတွေကို ပြန်အရေးယူ လိုက်တယ် အပြစ်မဲ့ပြည်သူတွေကို ညှင်းပန်းနှိပ်စက်မူ့ပေါ့ ...ဆိုင်ကယ်သမားက တရားခွင်မှာ ရောက်တော့ သူအလွန်အကျွံမူးနေ၍ ခရီးစဉ်ကို မသိကြောင်းဝန်ခံ၏...သူ့အားဝတ္တရားနှောက်ယှက်မူ့နဲ့ အရေးယူလိုက်တယ် ...တရားဥပဒေ အရ တူညီတဲ့ အပြစ်ရှိကြလို့ တူညီစွာနဲ့ထောင်ဒဏ်(၁)နှစ်စီ ချ လိုက်တယ်...ထောင်ထဲရောက် တော့ ကျွန်တော်လည်း ကုတင်ပေါ်မအိပ်ရပါဘူး.....ပျော်ရွှင်ပါစေအမရေ ... ကျွန်တော်ကို ထောင်ဝင်စာလာတွေ့ပါဦး....အဟဲ

Discovery