
Tuesday, July 27, 2010
ပြောင်းလဲခြင်း
အရာအားလုံးဟာ အချိန်ရွေ့ရှားလာတဲ့အမျှ ပြောင်းလဲလာပါတယ်....ကိုယ်ဖြစ်ချင်တဲ့ အရာတွေ ဖြစ်ခဲ့တာလည်းရှိသလို..မဖြစ်ချင်တဲ့အရာတွေ ဖြစ်နေတာလည်း ဖြစ်ခဲ့ပါတယ်...မမျော်လင့်ထားတဲ့အရာတွေထဲမှာ ကျမရဲ့အမေ ဆုံးသွားခဲ့ပါတယ်...ကျမက အသက်ငယ်ငယ်လေးနဲ့ အမေမရှိဘဲ နေထိုင်ရမယ်လို့ မစဉ်းစားမိခဲ့ပါဘူး...ဒါပေမဲ့ အဲဒါကအမှန်တကယ် ကြုံတွေ့လာရပါတယ်...အဖေ အမေ မရှိဘဲ နေထိုင်နေရတဲ့ လူတွေရဲ့ ခံစားချက်ကို ဟိုတုန်းက မခံစားမိခဲ့ဖူးပါဘူး... စိတ်မကောင်းဘဲ ဖြစ်ခဲ့တာပါ... အခု ကျမ တကယ်ခံစားရတဲ့ အခါမှာ ဘယ်အရာ...ဘယ်စကားလုံးကမှ အစားထိုးလို့မရပါဘူး...ကျမအမေတွက် ကျမ ဘာမှ အကောင်းဆုံးဖြစ်အောင် မလုပ်ပေးနိုင်ပါဘူး...အခုအချိန်ထိပါ... အမေမရှိတော့တဲ့အချိန်မှာ ကျမမှာ အိမ်လည်းမရှိတော့သလိုပါပဲ... နေရာတိုင်းက ဧည့်သည်လိုဖြစ်နေပါတယ်...လောကကြီးက မကောင်းပါဘူး... ကျမ အမေကို ကျမ ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး...ကျမက သမီးအလီမ္မာ စာရင်းထဲမှာ မပါ ပါဘူး...ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုအတွက် သူများကို စိတ်ဒုက္ခရောက်လည်း ရောက်ပါစေ ဆိုတဲ့ စိတ်က ကျမ အမေ မသေဆုံးခင်အချိန်ထိ ကျမမှာ ရှိနေခဲ့ပါတယ်...ကျမသိပ်ကို မောက်မာခဲ့ပါတယ်...တခြားလူတွေအပေါ်မှာလည်း... အမေ ဆုံးသွားတဲ့အချိန်မှာ ...ကျမ မှာဘာမှမရှိတော့ပါလားလို့ ခံစားမိပါတယ်... ဟိုတုန်းကတည်းက ကျမမှာ သူငယ်ချင်းကောင်းကောင်းမရှိပါဘူး...ကျမ အမေက ကျမရဲ့ သူငယ်ချင်းပါ...အရာအားလုံးကိုတိုင်ပင်လို့ ရတယ်...ကျမ ကိုယ်ကျမ လူသားအသစ်စက်စက်ကြီးလိုပါပဲ...

Subscribe to:
Post Comments (Atom)
1 comment:
Thanks for your article brother
Http://bk8login.asia
Http://hoki88.shop
Http://vodkapoker.one
Http://momo4d.bid
Post a Comment