Friday, September 21, 2007

မသက်ဆိုင်သော လူတစ်ယောက် အတွက်

မေတ္တာတရားရှေးရှု၍
ပင်ပန်းနွမ်းနယ်နေတဲ့
ဘ၀ကြီးကို
အပြုံးနဲ့ ဖြတ်သန်းဖို့
ကျတော် လာခြဲ့ပီ
“သုည” ဆိုတဲ့ စကားက
လူတစ်ယောက်၏ ဘ၀ ကို
အဓိပါယ်မဲ့ သွားစေနိုင်သလို
လူတစ်ယောက်၏ ဘ၀ ကို
ပြန်လည်ရှင်သန် နိုင်ဖို့
နိုးကြွားပေးလိုက်ပြီ
လောကဓံကြားမှာ
အလူးအလဲ ခံစားပြီး
ပြန်လည် နိုးကြားဖို့
အားပေဖို့ ခင်ဗျားကို
ကျတော်မှာ
အားအင်တွေ ရှိရဲ့လား?
ဖောင်ဖျက်ပြီး တိုက်ခိုက်ခဲ့တဲ့
အလောင်းစည်သူမင်းကြီးလို
သတ္တိ၊အားမာန် နဲ့
ပြိုင်ဘက်ကို “အနိုင်”ဆိုတဲ့
စကားတွေ မကြားရအောင်
အားတွေထည့်ပေးလိုက်မှာပါ

သူငယ်ချင်း ဘ၀မှာ အမြဲတမ်း အရှုံး ရော၊ အနိုင်ရော ဒွန်တွဲ နေတယ်

မဖြစ်ဘူးဆိုတာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိမယ်

လူတစ်ယောက်ရဲ့ စိတ်ဓါက်နဲ့ လုပ်ရက်ဟာ ဒီလူရဲ့ တန်ဖိုးပဲ

အမှန်တရား ကို ချစ်ရင် လူမုန်းမှာကို မကြောက်နဲ့

ပုခုံးနှစ်ဖက်ကြား ခေါင်း ၁ လုံးပါတဲ့ “လု၊လူ၊လူး” သုံးမျိုးထဲမှာ “လူ” ဖြစ်အောင်နေ

ကဲ သူငယ်ချင်းရေ... .... ... ငါသိသလောက် နင့် ကို လက်ဆောင်ပေးလိုက်တာပဲ





ဗိုင်အိုလက် FUNCTION

ကျမက ရှင်တို့ နားမလည်တဲ့ လောက က နေမွေးဖွားလာတာပါ
ဒီကမ္ဘာကြီးက ရှင်တို့မသိနိုင်တဲ့ ကမ္ဘာကြီး ဖြစ်ချင် ဖြစ်နိုင်တယ်
ဒါပေမဲ့ ကမ္ဘာကြီးပါပဲ
အဲဒီမှာလည်း မျော်လင့်ချက်တွေ ရှိတယ်
ကျမ ခနာကိုယ်လား
ကျမရဲ့ စိတ်လား
ရှိချင်လည်း ရှိမယ် ၊မရှိချင်လည်း မရှိဘူး
ဒါပေမဲ့ ကျမ သိတာ တစ်ခုတော့ ရှိတယ်
အဲဒီမှာလည်း ဖိနှိပ်မှုတွေ၊ မတရားမှုတွေ၊ အမုန်းတရားတွေကို ဖြန့်တဲ့ လူတွေ ရှိတယ်
ပိုကောင်းတဲ့ မျော်လင့်စရာ မရှိဘူး ဆိုတာပဲ


***** အစပ် အဆက်တော့ မရှိဘူး စိတ်ကူးရလို့ ရေးလိုက်တာပါ *****



Wednesday, September 19, 2007

မတောင်းပေမယ့် ပြည့်သောဆု

ဘ၀ခရီးမှာ မတွေ့ချင်ပေမယ့် တွေ့ကြုံလာရတာဟာ “ဒုက္ခ”ပါပဲ။ ဒုက္ခ ကို တွေ့ကြုံဖို့ ဘယ်သူမှ လွမ်းလွမ်းမောမော မတမ်းတပါဘူး။ ဆုမတောင်းပေမယ့် ပြည့်ပါတယ်။ ဆုထဲမှာတော့ ထူးထူးဆန်းဆန်း ဆုလေးပါပဲ။


အထက်တန်းကျတဲ့ စိတ်

အထက်တန်းကျတဲ့ စိတ်ဆိုတာ ကိုယ်ဟာ ရှုံးနိမ့်နေတဲ့အခါ၊ရှုံးနိမ့်နေစဉ်မှာ လောကဓံ တရားတွေ နဲ့ ပြိုင်ဘက်တွေ၊ ရန်သူ တွေက အနိုင်ကျင့် တာ၊ ကဲ့ရဲ့တာကို ခံနိုင်ရည်ရှိမယ်။ အဲဒီနာကျည်းချက်ကို “အား” အဖြစ် ပြောင်းလဲပြီး လက်စားချေဖို့ တေးထားပေမယ့် ၊လက်တွေ့ ကိုယ်ကအပေါ်စီး ကနေရတဲ့ အခါမျိုးမှာ ခွင့်လွှတ်ခြင်း ၊သဘောထာကြီးခြင်း ၊သည်းခံခြင်းတွေနဲ့ ခွင့်လွတ်တက်ပြန်တယ်... ... ...


ပြောတော့ သာလွယ်သာ နော်... ... ... အဲဒီ စကားက လုပ်ဆောင်ရတာကတော့ တော်တော် ခက်တဲ့ အလုပ်ပါပဲ


Monday, September 17, 2007

အရူးများနှင့်စကားပြောခြင်း

အရူးက တမူးသာတယ်ဆိုတာ အမှန်ပဲ။ ပြောမှပဲ သိတော့တယ်။ ထက် တော့ အပြောခံလိုက်ရတာပဲလေ... ဟားဟားဟား
ပထမ အရူးတစ်ယောက်က တော့ ယဉ်ယဉ်လေးရူးတဲ့ အရူး ။အဲဒီလိုမျိုး အရူးတွေနဲ့ စကားပြောရတာ တခါတလေ ပျော်တယ်... ပြီးတော့ ကြောက်တယ်
ရူး- ဟဲ့ စိုးမြတ်သူဇာ၊ စိုးသူကိုရော သူတို့နှစ်ယောက်ကို ငါတင်ပေးလိုက်တာလေ။ သူတို့ကို ဒါပေမဲ့ သူတို့ကကျေးဇူးမသိတက်ပါဘူးအေ။ ငါကိုတွေ့ရင်တောင်ခေါ်တာမဟုတ်ဘူး။
ထက်- ထက်ကိုရော ရုပ်ရှင်မင်းသမီး တင်ပေးပါလား
ရူး- အော် ... ညည်းလား
ထက်- အင်းလေ ဘာလို့လဲ
ရူး- ညည်းဆိုရင်တော့ ငါ စဉ်းစားရမယ်။ ဘာလို့လဲဆိုတော့ ဟိုကောင်နဲ့ ဟိုကောင်မ တုန်းက ငါ့ကို အရေးမလုပ်တော့ဘူး။တွေ့လား။နင်ကရော အဲဒီလိုလား
ထက်- ဟာ ခင်ဗျားကလည်း... ... ... ရုပ်ရှင် မင်းသမီး မဖြစ်သေးဘူး... ... ... ဇွတ်ပါလား !!!
ရူး- အော် ညည်းတို့ကို ကြိုပြောထားရတာ လွယ်တာမဟုတ်ဘူး။

ထက်ကို က ရှည်တော့ ခံရမှာပေါ့ ...အရူးသွားပြီး ဆရာတင်နေတော့ .....

နောက် အရူးကတော့ တော်တော် လည်တဲ့ အရူးပါပဲ ... ....
ထက် ခြေထောက်ကြီး ဆွဲပြီး ပိုက်ဆံတောင်းတာ ... ထက် တအားကို လန့်သွားတယ် ...ထက် လည်း ... ... ... လန့်ပြီးတော့အော်တာပေါ့ ... ပြီးမှ ကလေး ဖြစ်နေလို့ တော်သေးတာပေါ့... ... ထက်လည်းအားနေတာနဲ့ ကလေးဆိုတော့ ပိုက်ဆံ ပေးပြီး သူကို လျှောက်မေးတာပေါ့... ... ကလေးကလည်း ဖြေတယ် ...တနေ့ ပိုက်ဆံ ဘယ်လောက်ရလဲ .... န င် က... ... သူကစဉ်းစားပြီးတော့ .....ဘာပြောတယ်မှတ်လဲ ... ... အခြေအနေ ကောင်းတဲ့ နေ့ဆို ၁၀၀၀၀ လောက်ရတယ် တဲ့... ... ထက်ကလည်း အများကြီးပါလား ...ဟုတ်လို့လား ....လို့ ထက် ကမေးတော့... ... ... အမ ကလည်း အလိုက်တာ နော်... ... ... ကျနော်က ခြေထောက် ဆွဲပြီးတောင်းတာ သူတို့က ကျနော်ကို သနားပြီးတော့ ပေးတာ... ဒါတောင် အမပေးတာက နည်းသေးတယ်... တဲ့ ပြောသွားတာ ထက်ကို


ဒီ စာကို ဖတ်ပြီးတော့ ထက် ကို ရူးနေမှတ်နေဦးမယ် ... ... ...ဟဲဟဲ ... .... ... စကားပြောဖူးလား အရူးတွေနဲ့ .... .... ....

Thursday, September 13, 2007

“စ” တဲ့ “ကား” = စကား



အချိန်ကို လေ့လာ၍ ပြောဆိုခြင်း
မှန်သောစကားကို ပြောဆိုခြင်း
အကျိုးအကြောင်း ခိုင်လုံသော စကား(တရားအားလျော်သောစကား)ကို ပြောဆိုခြင်း
အကျိုးရှိမည့်စကား ကိုသာပြောဆိုခြင်း
ချစ်ခင်ဖွယ် ကောင်းအောင် ပြောဆိုခြင်း
ပြုံးရွင်စွာ စကား ပြောတက်ခြင်း
ချင့်ချိန်၍ ပြောဆိုခြင်း
မနှေးလွန်း မမြန်လွန်းဘဲ အေးဆေးစွာ ပြောဆိုခြင်း
မှန်ကန်စွာနှင့် ယဉ်ကျေးစွာ ပြောဆိုခြင်း
ရှင်းလင်း ပြတ်သားစွာ ပြောဆိုခြင်း

စကား ဆိုတာ မိုးလင်းကတည်းက မျက်စိနှစ်လုံးပိတ်တဲ့ အချိန်အထိ ပြောနေတာ စကားပါပဲ။ တချို့ဆို အိပ်တာတောင် စကားပြောနေတဲ့ လူတွေရှိဦးမှာပါ။ ထက်ကိုယ်တိုင်လည်း စကားပြောရင် သိပ်ပြီးတော့ အဆင်မပြေပါဘူး။ အခုတော့ ကြိုးစားပြီး ပြင်နေရတာပါပဲ။ ကိုယ်ပြောလိုက်တဲ့ စကားကြောင့်သူများ ထိခိုက်မှာ ထက်တော့ မလိုလားပါဘူး။ စကားဆိုတာ ပြောတက်တဲ့ လူတွေအတွက်ကတော့ “ဓါး” ထက်တောင် ထက် ပါတယ်။ ကိုယ်ကို ဓါးနဲ့ ခုတ်တာက သေရုံအပြင် တခြားမရှိပါဘူး။ စကားနဲ့ ခုတ်ရင်တော့ မသေဘဲနဲ့ ခံရတာလေ။ ပိုပြိးတော့နာတယ်။စကားပြောရမှာ ညှိနှိုင်းပြီး ပြော၊စဉ်းစားပြီး ပြောသင့်ပါတယ်။

................................... အသွားမတော်တလှမ်းပဲ .................................




Tuesday, September 11, 2007

ဆိုက်တွဲတစ်ခုရဲ့ဝန်

ငါနှေးနှေးလေးပဲ သွားနေရတယ်
ငါမနိုင် ၀န်ကြီးနဲ့ သွားနေရတယ်
ဒါပေမဲ့
ရောက်တာတော့ ရောက်မှာပဲ
မဝေးသော တနေ့မှာ
ရောက်လိမ့်မယ်


Discovery