Tuesday, July 27, 2010

ပြောင်းလဲခြင်း

အရာအားလုံးဟာ အချိန်ရွေ့ရှားလာတဲ့အမျှ ပြောင်းလဲလာပါတယ်....ကိုယ်ဖြစ်ချင်တဲ့ အရာတွေ ဖြစ်ခဲ့တာလည်းရှိသလို..မဖြစ်ချင်တဲ့အရာတွေ ဖြစ်နေတာလည်း ဖြစ်ခဲ့ပါတယ်...မမျော်လင့်ထားတဲ့အရာတွေထဲမှာ ကျမရဲ့အမေ ဆုံးသွားခဲ့ပါတယ်...ကျမက အသက်ငယ်ငယ်လေးနဲ့ အမေမရှိဘဲ နေထိုင်ရမယ်လို့ မစဉ်းစားမိခဲ့ပါဘူး...ဒါပေမဲ့ အဲဒါကအမှန်တကယ် ကြုံတွေ့လာရပါတယ်...အဖေ အမေ မရှိဘဲ နေထိုင်နေရတဲ့ လူတွေရဲ့ ခံစားချက်ကို ဟိုတုန်းက မခံစားမိခဲ့ဖူးပါဘူး... စိတ်မကောင်းဘဲ ဖြစ်ခဲ့တာပါ... အခု ကျမ တကယ်ခံစားရတဲ့ အခါမှာ ဘယ်အရာ...ဘယ်စကားလုံးကမှ အစားထိုးလို့မရပါဘူး...ကျမအမေတွက် ကျမ ဘာမှ အကောင်းဆုံးဖြစ်အောင် မလုပ်ပေးနိုင်ပါဘူး...အခုအချိန်ထိပါ... အမေမရှိတော့တဲ့အချိန်မှာ ကျမမှာ အိမ်လည်းမရှိတော့သလိုပါပဲ... နေရာတိုင်းက ဧည့်သည်လိုဖြစ်နေပါတယ်...လောကကြီးက မကောင်းပါဘူး... ကျမ အမေကို ကျမ ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး...ကျမက သမီးအလီမ္မာ စာရင်းထဲမှာ မပါ ပါဘူး...ကိုယ်လုပ်ချင်တဲ့ အရာတစ်ခုအတွက် သူများကို စိတ်ဒုက္ခရောက်လည်း ရောက်ပါစေ ဆိုတဲ့ စိတ်က ကျမ အမေ မသေဆုံးခင်အချိန်ထိ ကျမမှာ ရှိနေခဲ့ပါတယ်...ကျမသိပ်ကို မောက်မာခဲ့ပါတယ်...တခြားလူတွေအပေါ်မှာလည်း... အမေ ဆုံးသွားတဲ့အချိန်မှာ ...ကျမ မှာဘာမှမရှိတော့ပါလားလို့ ခံစားမိပါတယ်... ဟိုတုန်းကတည်းက ကျမမှာ သူငယ်ချင်းကောင်းကောင်းမရှိပါဘူး...ကျမ အမေက ကျမရဲ့ သူငယ်ချင်းပါ...အရာအားလုံးကိုတိုင်ပင်လို့ ရတယ်...ကျမ ကိုယ်ကျမ လူသားအသစ်စက်စက်ကြီးလိုပါပဲ...



Thursday, March 11, 2010

အားလုံးမင်္ဂလာပါ...

ကိုယ့် ဘလော့ ကို သတိရလို့ ၀င်ကြည့်တာ...ဘလော့ မရေးတာကြာတော့ နောက်ဆို နည်းနည် ကြိုးစားပြီး ရေးမယ်...လာလည်ကြပါဦးနော်...:)


Saturday, March 22, 2008

ကျတော် Blog ရေးခြင်း

ကျတော် Blog ရေးခြင်းကို ခဏရပ်ထားပါဦးမယ်....ကျတော် အင်တာနက်ကို အကြာကြီး အသုံးမပြုနိုင်သေးတော့ Blog ရေးဖို့ဆိုတာ မလွယ်ကူသေးလို့ပါ....ကျတော် Blog ကိုလာလည်တဲ့ သူတွေကို ကျေးဇူးတင်ပါတယ်.. ကျတော် Blog ကို အစက Delete လုပ်မလို့ပါ...မရေးတာကြာတော့
....မလုပ်ရက်လို့..မလုပ်တော့ပါဘူး...ကျတော် အဆင်ပြေတဲ့ အချိန်ကျရင်တော့ ပြန်ရေးမှာပါ... Blog သူငယ်ချင်းတွေ အားလုံးကိုလည်း သတိရပါတယ်....နောက်မှ ပြန်ဆုံတာပေါ့..Blog ပေါ်မှာ



Sunday, December 2, 2007

VIP (Very Important Person )

ကျနော်တို့ နိုင်ငံမှာ VIP များရှိပါ၏ ….ကျနော်တို့ နိုင်ငံတွင် VIP များ…. တနေ့တခြား ဆိုပါတော့…… ထိုသို့သောသူများ ယာဉ်များနှင့် သွားလာရာတွင် ကျနော်တို့လို သာမန် ယာဉ်မောင်းသူများက ရပ်တန့်ပေးထားရပါသည်။ ထိုသို့သော အချိန်မျိုးတွင် ယာဉ်ထိန်းရဲများ လည်း သူတို့ ကိုင်ဆောင်ထားသော ဖုန်းကြီးများ နှင့် အလုပ် တအားရှုပ်သော အချိန်များ ဖြစ်ပါသည်။ VIP ဆိုသော လူများ မလာခင် အချိန်လောက် ကတည်းက စပြီး ကျနော်တို့အား ရပ်တန့်ထားခိုင်းပါသည်။ တော်တော်ကြာနှင့်လည်း သူတို့ ကားမည်းကြီးများကလည်း ပေါ်မလာပါ။ နေပူသော နေ့များတွင် တော်တော် ဆိုးပါသည်။ကျနော် ပြောချင်သော အကြောင်းမှာ….
တနေ့ က ထို VIP ပုဂ္ဂိုလ် များ လာသော အချိန်တွင် ဆိုင်ကယ် တစ်စီးက ဖြတ်မောင်းလိုက်မိသွားတယ်။ အဲဒါကို ထို ဆိုင်ကယ်မောင်းသမားကို ယာဉ်ထိန်းရဲများက ဆွဲထိုးကြ တယ်။ကျနော်အထင် ဆိုင်ကယ် မောင်းသမားလည်း တော်တော် အီသွားပုံရတယ်။ ကောင်းကောင်းမွန်မွန်ပြောလည်းရတဲ့ ကိစ္စကိုဗျာ။ ထားပါတော့ ဒီ case ကတော့ …ဆိုင်ကယ်မောင်းသမား မှားတယ်ဆိုပါတော့….VIP သွားနေတဲ့ ဟာကို ....
နောက်တစ်ခုကတော့ VIP များသွားပြီးတဲ့ အချိန် ယာဉ်ထိန်းရဲများက သူတို့ကိစ္စ ပြီးသွားပြီဆိုတော့ သူတို့ဘာသာ စကားပြောနေကြတယ် ဗျာ … ကျနော်တို့လို သာမန် ယာဉ်မောင်းသူများက ရပ်နေရာကနေ သွားပဲ သွားရမလား ရပ်ပဲ ဆက်ရပ်နေရမလား…. အကြာကြီးပဲ ရပ်နေရတာ …ကျနော်တို့….ကြောင်တောင်တောင်နဲ့….. ခဏနေကျမှ သတိရသွားတယ် ထင်ပါရဲ့ …. တ၀ှီဝှီ မှုတ်ဖို့လေ…. ဖြစ်ပုံလေးတွေက အဆန်းတွေ…. ရှိသေးတယ်….. ဆက်မရေးတော့ပါဘူး…. (ကျတော်ရဲ့ အမြင်အတိုင်းရေးခြင်းသာ)

တကွက်အရွေ့မှားခြင်းသည် ကစားပြိုင်ပွဲ ကို ရှုံးစေနိုင်သည်
သူတောင်းစားတစ်ယောက်သည် သူ၏လမ်းစဉ်ကို ဘယ်တော့မှ မသွေဖည်ချေ
လမ်းလွဲ ရောက်နေသောအခါ ပြေးလို့ မည်သို့ အကျိုးရှိမည်နည်း



Tuesday, November 27, 2007

ပိုများလာသော ဘွဲ့ထူးများ

အခုခေတ် လူငယ်များတွင် ပိုများသော ဂုဏ်ထူးများရှိလာသောကြောင့် ….. …..
အရက်သမား၊ ဖဲသမား၊ဘိန်းသမား၊… စသည်ဖြင့် ပျော်ရွင်စွာ အပြိုင်အဆိုင် ရယူနေကြပါသည်။

သူငယ်ချင်းများ အချင်းချင်း ကလည်း ကြိုးစားပမ်းစားနဲ့ ထိုဘွဲ့များကို မယူတက်သေးသော သူများကို ယူပေးနေကြပါသည်။ မကောင်းမှန်းသိရက်နဲ့ ဘာလို့များယူချင်နေကြတာလဲ ဆိုတာကို စဉ်းစားလို့မရပါဘူး။ ကိုယ်တင်မဟုတ်ဘဲ သူများတွေပါ အထူးသဖြင့် မိဘတွေပေါ့ …ဒုက္ခရောက်ရတယ်ဗျာ… ကြည့်ပြီးတော့ စိတ်မချမ်းသာဘူး… သူတို့တွေတော့က မသိပါဘူး။ ဘာလို့များပါလိမ့်နော်…. လူတွေပြောင်းလဲသွားတဲ့ ရေစီကြောင်းက မြန်ဆန်နေလိမ့်တာ.. ဟို တုန်းက လက်ဖက်ရည်ဆိုင် ထိုင်ရင် မကောင်းဘူး…ကိုယ်ကို တမျိုးထင်လိမ့်မယ်ပေါ့.. မထိုင်ရဘူး… အခုတော့ လက်ဖက်ရည်ဆိုင် ထိုင်ရင် ပြသနာမရှိတော့ဘူး… သေးသေးလေးဖြစ်သွားပြီ… အခုက အရက်ဆိုင်ထိုင်ကြတာ ခေတ်ဖြစ်သွားပြီလေ… မကောင်းမှန်းသိရက်နဲ့ ပျော်ပျော်ကြီးလုပ်နေကြတာလေ…စတိုင်(လ) ပေါ့ … ကျောင်းသွားတော့လည်း ပိုဆိုးပေါ့…. အခုမှ ထန်းတောထဲက ထွက်လာတာနဲ့.. ကြောက်စရာကြီး … မြင်ရတာကို ..သူ့အမေမြင်ရင်တော့ မသိဘူး… မိန်းကလေးများလည်းပါသေး… ယောက်ျားများနဲ့ တန်းတူု ဆိုတာ ..ဒါမျိုးလားတော့မသိ… စကာကြီးတွေ…ဟဲဟဲ… ရင်လေးစရာကြီးပါ… အနာဂတ်ကို ကြည့်လိုက်ရင်… “ထိုင်နေရင်အကောင်းသား ထသွားမှ အကျိုးမှန်းသိ” ဆိုသလို ရေစီးကြောင်း ကိုပုံချနေသော မိန်းကလေးများ ကလည်း … ကျနော်က အခု မှ တခေတ် စန်းထ ပြီးတော့ လူတက်ကြီး ဖြစ်အောင် ရေးတာလို့ မထင်စေချင်ပါဘူး…. ဒီလို ဘွဲ့မျိုး ယူချင်သူတွေ များလာတာကို တွေ့ရလို့ ရေးလိုက်မိတာပါ…ဘယ်သူကိုမှ ရည်ရွယ်ပြီးတော့ ရေးတာမဟုတ်ပါဘူး…



........ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့၊ ကိုယ်ကို အတင်းဖျက်ရင်တော့ သူ့ကိုစဉ်းစား.............



Thursday, November 8, 2007

သူငယ်ချင်းများအတွက်

အာလုံးသူငယ်ချင်းများ မင်္ဂလာပါ...blog ကို လာလည်တဲ့ အတွက်ကျေးဇူးပါ... မ၀င်တာကြာတဲ့ အတွက် အားလုံးကို တောင်းပန်ပါတယ်နော်...နေမကောင်းဖြစ်နေလို့ပါ... ပြီးတော့ အခုထိ ဒီဘက်မှာ internet သုံးရတာ မကောင်းသေးတော့ တော်တော်နဲ့ အသုံးပြုလို့မရသေးလို့ပါ....လာမလည်ဖြစ်တဲ့အတွက် အားလုံးကို sorry ပါ... နောက်ပိုင်းကျရင်တော့ သုံးဖြစ်မယ်ထင်ပါတယ်... ဒီစာလေးရေးရတာကို တော်တော် ကြာနေပါပြီ...


Sunday, September 23, 2007

မည်သည့်အရာမဆို ပြည့်ပြည့် ၀၀ ခံစားနိုင်ရန် အတွက် လေ့ကျင့် သင်ကြားမှု လိုသည်

နှေးနှေးလေး ဖတ်ပါ

“ ၀ီစကီ သောက်စတွင် ပျို့ချင် အန်ချင်သည်။ အဘယ်မျှ ကျန်းမာ ကြံ့ခိုင် ပစေ၊ ဆေးတံ သောက်စတွင် ဗိုက်ထဲတွင် အော်ကလီ ဆန်လာသစမြဲ ဖြစ်သည်။ရှိတ်စပီးယား၏ ဆွန်းနက်များသည် ဖတ်စတွင် အဓိပါယ် မရှိ သလို။ ဘတ်(စ) ၏ တေးသွားများသည်လည်း ကနဦး နားထောင်သူများအတွက် ပျင်းစရာ။ ထိုအတူ သင်္ချာ ညီမျှခြင်း များသည်လည်း မလေ့ကျင့်ဖူးသူတွေအတွက် ဧရာမ ကြောက်စရာ။ သို့သော် အချိန်တန်သောအခါ
လျိုဝှက်နက်နဲ သလောက် လှပဆန်းကြယ်သော ကဗျာတစ်ပုဒ်ကို ဖတ်ရှု ရခြင်းသည် လည်းကောင်း၊ သေချာစွာ ပြောက်မွမ်း ခြယ်သ ထားသောသံစဉ် များကို လည်းကောင်း၊ဂဏန်းသင်္ချာဆိုင်ရာ ပညာသားပါသော ကျိုးကြောင်း စပ်ဆက် စဉ်းစားဆင်ခြင်ပုံ ကို တွေ့မြင် ရလာခြင်း သည်လည်းကောင်း၊ ကျတော်တို့အတွက် အလှ တရားများ၊ လောက အနှစ်သာရများကို ရုတ်တရက် ထိုးထွင်းသိမြင်လိုက်ရသည့် အတွေ့အကြုံ ထူးများ ဖြစ်လာပေသည် ”ဟူ၍ ဟပ်စလေ ရေးခဲ့ သည်။

Discovery