Friday, July 20, 2007

ဂရုဏာ မိခင်ကြီး........

ဂရုဏာ မိခင်ကြီးမာသာထရီဇာ ဆိုရင် လူတိုင်းသိကြ မှာပါ။ မာသာထရီဇာကို အခု
မက်စီဒိုးနီးယားလို့ ခေါ်တဲ့ အယ်ဘေးနီးယား (၁၉၂၆)ခုနစ်မှာ မွေးဖွားခဲ့ပါတယ်။
ငယ်နာမည်ကတော့ အဂ္ဂနက်ဂွန်ချာဘိုဂျာချူး လို့ခေါ်ပါတယ်။ မရှိဆင်းရဲသားတွေကတော့ “
မာသာထရီဇာ” လို့ ခေါ်ကြပါတယ်။ အန္ဒိယ နိုင်ငံမှာ သူ့ဘ၀ရဲ့ လေးပုံသုံးပုံ နေထိုင်ခဲ့ပါတယ်။မာသာထရီဇာဟာ လူတိုင်းကို မေတ္တာထားပြီးဆက်ဆံခဲ့ပါတယ်။၁၉၉၂ခုနစ်မှာ ရောမမြို့မှာ နှလုံးရောဂါခွဲစိပ်ကုသခံခဲ့ရပါတယ်။ မာသာထရီဇာဟာ သူအနားယူနေတဲ့အချိန်မှာလဲ စိတ်သောကဝေဒနာသည်တွေကို အားပေးစကား ရင်း ဒိုင်ယာနာ နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒိုင်ယာနာ သေတော့မာသာ ဟာ “သူဆင်းရဲတွေကိုချစ်တဲ့ မိတ်ဆွေကောင်းတစ်ဦး၊ သာမန်အိမ်ရှင်မ နဲ့တူတဲ့ မိတ်ဆွေကောင်းတစ်ဦး” သူဆင်းရဲတွေအပေါ်မှာထားရှိတဲ့ သူ့သဘောထားဟာ အင်မတန်ကောင်းတယ်လို့ ပြောခဲ့ပါတယ်။ အဒီစကားပြောပြီး ၆ရက် အကြာမှာ “မာသာ” ဟာ ကွယ်လွန် သွားခဲ့ပါတယ်။
မာသာရဲ့ ဈာပနပွဲမှာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ထုံတမ်းစဉ်လာအတိုင်းဆုတောင်းပြီးတာနဲ့ ဗြဟ္မဏ
ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ဆစ်ဘာသာဝင်၊ ဖာရစ်ဘာသာဝင် နဲ့ ဗုဒ္ဒဘာသာဝင် ရဟန်းတော်တို့က ဆုတောင်းမင်္ဂလာပြုခဲ့ကြပါတယ်။
မာသာပြောခဲ့တဲ့စကား... ... ... ...
****............“အမေလျှောက်ခဲ့တဲ့လမ်းမှာ အမေက ၀ါယာကြိုးမျှင်လေးတစ်စပါ....ဘုရားသခင်ကသာ အင်အား”............****

****..............“ချစ်တယ်ဆိုရာမှာလည်း နှလုံးသားထဲက ချစ်တဲ့အချစ်နဲ့
နှလုံးသား အပြင် အသွေအသားထဲ အရိုးထဲတွေစိမ့်ဝင်နေအောင်ချစ်တဲ့ အချစ်မျိုးက မတူကြပါလား........****


No comments:

Discovery