Wednesday, July 18, 2007

ဒေါ်သုမာလာ ဆိုတဲ့ .....


ဒေါ်သုမာလာ ဆိုတဲ့ ဘွဲ့ ကို ရထားတဲ့ သူကတော့ ဒေါ်ဦးဇွန်းပါ....
ဒေါ်ဦးဇွန်း ကို မန္တလေးမြို့ ကျောက်သွေးတန်းမှာ နေတဲ့ ပိုးကုန်သည်များဖြစ်တဲ့ ဦးအိ-ဒေါ်မျှင် တို့ရဲ့ တစ်ဦးတည်းသော သမီး ဖြစ်ပါတယ်။
၁၂၃၀ မှာ မွေးဖွားခဲ့ပါတယ်။ ဒေါ်ဦးဇွန်း ရဲ့ အသက် ၁၇ နှစ်မှာ မြန်မာမင်းများ ပါတော်မူခဲ့ကြပါတယ်။
လုပ်ရကောင်းမှန်းမသိတဲ့ ပရဟိတ လုပ်ငန်းတစ်ခုကို `ဗွေဆော်ဦး´ ခဲ့သူတစ်ယောက်ပါပဲ။
`လူရယ်လို့ ဖြစ်လာရင် `ကျက်သရေ´ ရှိအောင် နေတက်ဖို့ အရေးကြီးဆုံးပါလား
လူ့လောကကို “ကျက်သရေရှိအောင်” လုပ်ပေးမှကိုယ်လည်း “ကျက်သရေရှိတဲ့လူ” ဖြစ်လာမှာပါလား လို့ခံယူခဲ့သူတစ်ယောက်ပါ။
မြန်မာနိုင်ငံမှာ ပထမဆုံးဗုဒ္ဒဘာသာ လူအိုရုံကို (၁၂၇၆)ခု ပြာသိုလပြည့်ကျော်(၁၂)ရက် ခရစ်နှစ်(၁၁.၁.၁၉၁၅) ခုနစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
မြန်မာမင်းများ လက်ထက်က“သူအိုရုံ” ၊ ဒေါ်ဦးဇွန်းခေတ် “လူအိုရုံ” ၊ ယခုနောက်ပိုင်းမှာတော့ “ဘိုးဘွားရိပ်သာ”လို့ သတ်မှတ်ခဲ့ပါတယ်။
ဒေါ်ဦးဇွန်း ဟာ ၁၃၀၆ ခု အသက်-၇၆ နှစ်(ခရစ်နှစ်-၁၉၄၄ ခုနစ်)စစ်အတွင်းမှာပဲ မင်းကွန်းမှာ ကွယ်လွန်ခဲ့ပါတယ်။
ဒေါ်ဦးဇွန်း ကိုဂူသွင်းသဂြိုလ်ခဲ့ပါတယ်။

No comments:

Discovery