Monday, July 23, 2007

ဖီးဒိစ် ဆိုတာ... ... ...
ဖီးဒိစ်သည် ရှေးဟောင်း ဂရိနိုင်ငံမှ ပန်းပုဆရာ တစ်ဦး ဖြစ်သည်။သူ့လက်ရာများစွာ မကျန်ရှိတော့လည်း ကြေးရုပ်ထုကြီးကို ထုလုပ်ခဲ့ရာ မျက်မှောက်ကာလ အထိ ဂုဏ်သတင်းကျော်ကြားနေဆဲ ပင်....ဖီးဒိစ်သည် ခရစ်တော်မပေါ်မီ ၄၉၀ ခုနစ်ခန့်မှ ၄၃၀ခုနစ် အထိ ဖီးဒိစ် သည် ရှေးဟောင်းဂရိနိုင်ငံမှ ပန်းပုဆရာတစ်ဦး ရျိနေခဲ့ပုံရသည်.....အေသင်မြို့ ဘုရင်ပရီးကလီးစ် သည် ပါသီနွန် ဘုရားကျောင်း ရုပ်လုံးအပါအ၀င် အရေးကြီး သော တည်ဆောက်ရေး အစီအစဉ်ကို ဦးဆောင်စေခဲ့သည်။ ဖီးဒိစ်၏ အေသင်နာနတ်သမီး ရုပ်ထု ကြီးကို ရွှေ၊ ဆင်စွယ် တို့ဖြင့် ထုလုပ်သည်။ ၁၀မီတာ မြင့်သည်။ အေသင်မြို့တွင်စိုက်ထူခဲ့သမျှ တို့အနက် အကြီး ဆုံးဖြစ်သည်။နောက်ပိုင်းတွင် အေသင်နာနတ်သမီး ပို၍မြင့်မားခဲ့သည်။သို့ရာတွင် ဖီးဒိစ်အားပြည်နှင်ဒဏ်ပေးလိုက်သည်။ အေသင်နာနတ်သမီးရုပ်၏ ဒိုင်းလွှားပေါ်တွင် ဖီးဒိစ်က မိမိပုံတူနှင့် ပရီးကလီးစ် ၏ပုံတူကို ထည့်ခဲ့ခြင်းဖြင့် မလေးမစားရာ ရောက်သည်ဟု စွပ်စွဲ နှင်ထုတ်လိုက်ခြင်းဖြစ်သည်။





















No comments:

Discovery