Monday, July 23, 2007


ငါကလည်း ငါကလည်း ငါကလည်း ငါကလည်း ငါကလည်း


ထူးလှတယ်တော့လည်းမဟုတ်ပါဘူးလေ...
ကြောက်မက်ဖွယ်ရာလူတွေရဲ့ ... ... ...
မဟာဘုတ်ဗေဒင်ထဲမှာ မှ... ... ...
ငါကလည်း`အဓိပတိဖွား´ဖြစ်ချင်တာကိုး... ... ...


ငါကလည်း ခက်တယ်... ... ...
ကဗျာတစ်ပုဒ်နဲ့ ... ... ...
နေမ၀င် အင်ပါယာ
ဘယ်ဟာယူမလဲလို့မေးရင်
ဒုတိယအရာကို ငါငြင်းတယ်... ... ...


ငါ့ကိုလည်း လူတွေက ၀ိုင်းမေးကြတယ်... ... ...
`မင်းကတော့ ဘာလဲ´ လို့... ... ...
၁... ၂... ၃... ၄... ၅
ငါ အကုန်စဉ်းစားတယ်... ... ...
၆... ၇... ၈... ၉... ၁၀
တစ်ခုမှ မဟုတ်ဘူး
ငါ့အတွက်တော့ ဂဏန်းမရှိဘူး... ... ...







No comments:

Discovery