Wednesday, July 25, 2007

အာဇာနည် ဆိုတာဘာလဲ ... ... ...


အာဇာနည် ဆိုတာဘာလဲ။ ဤမေးခွန်းအားဖြေရန် အဖြေကားမလွယ်ကူလှပေ။ မကြာမီက ပုဂ္ဂိုလ်ကြီးတစ်ဦး နှင့်  တွေ့မိရာ `အာဇာနည် ´ဆိုတာဘာလဲ ဟုမေကြည့်ရာ ပုဂ္ဂိုလ်ကြီး ဖြေလိုက်တာကတော့ `စွန့်ရဲ့တဲ့လူပေါ့ကွာ´ ဟု ဖြေလိုက်သည်။ အဲဒီလောက်တော့ မလွယ်ကူလောက်ဘူးလို့တော့ထင်မိတာပါပဲ။
စွန့်ရဲ့တဲ့လူ ကို အာဇာနည်ဟု ဆိုလျှင်ဆရာကြီး ပီမိုးနင်း၏သား ကျော်စိုးသည် ရည်းစားလုရာတွင် တစ်ဖက်သားက ဓားမြှောင်နှင့်စောင့်နေသည်ကို အသက် မနှမြောဘဲ အတင်းဝင်လုရာ မှ ဓားထိုးခံရ၍ သေသွားလေသည်။ ဒါဆိုရင် ကျော်စိုးသည် `စွန့်ရဲ့တဲ့လူ´ တစ်ယောက်ပင်..... သူကိုရော အာဇာနည်ဟု ခေါ်ဆိုထိုက်မည်လား....... .......... ......
မြန်မာ့သမိုင်းတွင် တပင်ရွှေထီး၏ နားထွင်းခန်းကို မြန်မာတိုင်း ကြားဖူး နေလိမ့်မည်။ဤနားထွင်ပွဲကို လိုက်ရန်အတွက် ဘုရင့်နောင်ကိုယ်တိုင် ရွေးချယ်သည်။ လက်မထိပ်ကို အပ်ရိုက်ပြီး သွင်းလိုက်သည့်အခါ မတွန့်မရွံသူကိုမှရွေးချယ်လေသည်။ဗလရဲထင်၏ အလှည့်ကိုရောက်သောအခါ ယောင်၍ မျက်နှာရှုံမိလိုက်သဖြင့် အပယ်ခံရသည်။ ထိုအခါ ဗလရဲထင်သည် အလွန်ရှက်သွားသောကြောင့် သူ့ဗိုက်ကို ဓားမြှောင်နှင့်ခွဲလိုက်၍ ထွက်လာသောအူစကို ဘု့ရင့်နောင်အားကိုင်ခိုင်းပြီးလျှင်ဘု့ရင့်နောင်ကို တစ်ပတ် ပတ်လေသည်။ အူဆုံးသည့်နေရာတွင် သူလဲကျသေဆုံးသွားလေသည်။ သူကိုရော သူကိုရော အာဇာနည်ဟု ခေါ်ဆိုထိုက်မည်လား....... .......... ......

No comments:

Discovery