Thursday, July 26, 2007

ရိုးမြေကျ (၁၃၈၈ခုနစ်)

ရောမလူမျိုးတို့ အလွန်လေးစားသော ရောမအမျိုးသမီးတစ်ဦးအားအဲရီယာ ဖြစ်လေသည်။ သူသည်ဆီအင်းနားပီတပ် ၏ ဇနီးဖြစ်လေသည်။ တနေ့တွင်ပီတပ်ကို ဘုရင်ဧကရာဇ် ကလောဒီယပ် က သူကိုယ်သူ သတ်၍သေရန်အမိန့်ပေးလေသည်။ ပီတပ်သည်သူကိုယ်သူ သတ်၍သေရန် တုန်တုန်ယင်ယင် ဖြစ်နေသောကြောင့် သူနှင့်ရိုးမြေကျ ပေါင်းပါမည်ဟု ကတိပေးထားသော အဲရီယာသည် သူ့လက်ထဲမှ ဓားမြှောင်ကို ယူ၍ သူရင်ညွှန့်ကို တအားထိုးစိုက်ပြီးလျှင် ရှိသမျှသော အားကလေးနှင့် သူ့ယောကျာင်္းထံ ဓားကို ကမ်း၍ `ဒီလောက်မနာလှပါဘူး ပီတပ်ရယ်´ ဟုဆိုကာ သေပြဖူးလေသည်။


No comments:

Discovery