Tuesday, August 21, 2007

မြေပျို ၍ လူမျိုးမပြုတ် လူမျိုမှ လူမျိုးပြုတ်

အဲဒါ ဆိုင်းပုဒ် တစ်ခုပါ။ရုံးတစ်ရုံးမှာရေးထားတာ...
ထက်ရေးမှာ ဘာသဘောနဲ့ မှတော့မဟုတ်ဘူးဗျာ။ လူတွေ သတိမထားမိလိုက်တဲ့ အကြောင်းတစ်ခုပါ။
ဟိုတနေ့က ထက် နဲ့ သယ်ချင်း တစ်ယောက် အစိုးရရုံးတစ်ရုံး ကို သွားဖြစ်သွားတယ်။ အတင်းပြောမှာ မဟုတ်ပါဘူး။ စိတ်တိုမိသွားလို့ပါ။ သွားတုန်းကတော့ စိတ်ထဲမှာ ဘာမှမဖြစ်ပါဘူး။ သူတို့ဘက်က ဘာတွေလုပ်ခိုင်းမလဲပေါ့။ လိုအပ်တာရှိရင်လဲလုပ်မယ်။ ပေးစရာရှိရင်လဲပေးမယ် ဆိုပြီးတော့ပေါ့။ ဟိုကိုရောက်တော့ ရုံးဝန်ထမ်းတစ်ယောက် ကတော့လုပ်ပေးပါတယ်။ အဲဒီက ရာထူးကြီးတဲ့ မိန်းမ တစ်ယောက်ကတော့ လူတစ်ယောက်နဲ့ စကားပြောနေပါတယ်။ ထက်တို့ မရောက်ခင်ကတည်းက သူတို့စကားပြောနေကြပါတယ်။ အဲဒါနဲ့ ထက်တို့ လိုချင်တဲ့ အချက် တွေကို ရတော့ အဲဒီ ၀န်ထမ်းက သူတို့ စကားပြောပြီးရင် အဲဒီအချက်တွေကို ပေးလိုက်ပါတဲ့။ ထက်တို့ကလည်း ဟုတ်ကဲ့ ပါပေါ့။ ထက်လဲ တော်တော်ကြာတဲ့ အထိကို စောင့်နေပါသေးတယ်။ သူတို့စကားပြောနေတာကို စောင့်နေတာပေါ့။ မပြီးတော့ဘူးဗျာ။ ပြောနေလိုက်တာ။ သူတို့ပြောနေတဲ့ စကားက ထက်နားထောင်ကြည့်တော့ တော်တော်ကို ကြီးကြီး ကျယ်ကျယ် စကားတွေ ပြောနေတာဗျာ။ သူတို့ အိမ် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီးတော့ ပြောနေတာ။ ထက်တို့ ကို ရှိတယ်လို့တောင် မထင်ဘူး။ လှည့်ကို မကြည့်ဘူးဗျား။ စဉ်းစားကြည့်တော့။ သူတို့ပြောနေတဲ့ စကားတွေက အရေးကြီးလို့ ဆိုရင် ထားပါတော့ဗျာ။ ထက်ဘာမှ မပြောပါဘူး။ ဒါပေမဲ့ဗျာ ..... .... .... ထက် သိနေတယ်။ ဘာမှမဟုတ်တဲ့ စကားကို ကြီးကြီးကျယ်ကျယ် လုပ်ပြနေတာဗျာ။ ပြီးတော့ သူတို့ရေးထား ဆိုင်းပုဒ် ကလည်း နေရာတကာမှာ ရေးထားတာ။ ပြီးတော့ ... ... ...မပြောတော့ပါဘူးဗျာ ...ပြောရင်မကောင်းတော့ပါဘူး။သူတို့ ရေးထားတဲ့ ဆိုင်းပုဒ် နဲ့ သူတို့ရဲ့ ... ။ဘာလို့ပါလိမ့်နော်။

...........................................မြေပျို ၍ လူမျိုးမပြုတ်..............................................
........................................... လူမျို မှ လူမျိုးပြုတ် ................................................



No comments:

Discovery