Showing posts with label အပိုင်းအစ(၂). Show all posts
Showing posts with label အပိုင်းအစ(၂). Show all posts

Thursday, August 23, 2007

ထက် ကြိုက်သော အပိုင်းအစ(၂)

ငါက... ဆပ်ပြာပူဖောင်းကိုခိုစီးပြီး
မြင်းမိုရ် တောင်းကြီးနဲ့ တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့...
ဒါပေမဲ့ ...
လေပွေလမ်းကြောင်းများမှာ
တုန်ခါဖျော့အေး
“သစ္စာ” ကို ပဲ့တင်သံနဲ့ ပဲ ပြန်ပေးနိုင်ခဲ့သူ... ... ... ။


ငါ့ကိုသတ်... ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။


ထိပ်ထားရယ်... ... ...
ဖြစ်နိုင်မယ်ဆိုရင်...
ဂန္တ၀င် ပန်းပုပိုဒ်..
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံး ကို
စီရီ သီကုံး ပေးချင်တယ်


ကျဆုံးတော့မယ့် စစ်သူရဲ အိုက
ငယ်ဘ၀က ဓားနဲ့ ချစ်သူကို
ပြင်းရှ စွာ သတိရလိုက်သလိုမျိုး
နင့်ကိုငါ သတိရနေတယ်... ... ...


ဟိုးငယ်ငယ်... ကျောင်းမပြေးတက်ခင်တုန်းက
ခရေပွင့် ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့ အပေါ် ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ့ သုတ်သွားဖူးတယ်။

Discovery